အမေရိကန်သံအမတ်က ဖူကူရှီးမားစက်ရုံအနီးမှငါးကိုစားသုံးကာ ရေဆိုးထုတ်လွှတ်သင့်ကြောင်းပြသမည်

0
213

ဝါရှင်တန်၊ဩဂုတ် ၂၄

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရမ်အီမန်နူရယ်သည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဖူကူရှီးမားစီရင်စုရှိ မြို့သို့ သြဂုတ် ၃၁ ရက်တွင်သွားရောက်လည်ပတ်မည်ဖြစ်ပြီး နျူစက်ရုံမှ သန့်စင်ထားသောရေများကို ပင်လယ်ထဲသို့လွှတ်ထုတ်ရန်ဆုံးဖြတ်ချက်အား ထောက်ခံကြောင်း ပြသရန် အဆိုပါဒေသမှငါးကိုစားပြီး ဘေးကင်းကြောင်း သက်သေပြရန်စီစဉ်ထားကြောင်းသံရုံးတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ကျိုဒိုနှင့်ဖုန်းအင်တာဗျူးတွင်အီမန်နူရယ်က ၎င်း၏ခရီးစဉ်အတွင်း ဒေသခံငါးဖမ်းသမားများ၊ ဒေသခံများအပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံမည်ဖြစ်ပြီး၊၎င်းအနေဖြင့် ဂျပန်နိုင်ငံ၏ နည်းလမ်းတကျလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကိုပြသရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ကမ်းရိုးတန်းမြို့ ဆိုမာသို့ သွားရောက်လည်ပတ်မည့်အထူးသံတမန်၏အစီအစဉ်သည် တရုတ်နိုင်ငံ၏ပြင်းထန်သောဆန့်ကျင်မှုများကြားမှပင်ဂျပန်အစိုးရက ရေဆိုးလွှတ်မှုပြုလုပ်ရန် ဆုံးဖြတ်ပြီးနောက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

၎င်း၏ခရီးစဉ်၌ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် ဒေသအနီးတစ်ဝိုက်မှဖမ်းမိပြီး ချက်ပြုတ်ထားသောငါးများကို စားသောက်ခြင်း၊ပင်လယ်စာဈေးသို့လည်ပတ်ခြင်းနှင့် မြို့တော်ဝန်နှင့်အတူရှိကာဆွေးနွေးခြင်းတို့ပါဝင်သည်ဟုသိရသည်။

ဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံမှ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ရေထုတ်လွှတ်ခြင်းအတွက် ဂျပန်နိုင်ငံ၏လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု၊ သိပ္ပံနည်းကျအခြေခံပြီး နိုင်ငံတကာအသိအမှတ်ပြုမှု အပြည့်အဝရရှိပြီးဖြစ်ကြောင်းလည်း၎င်းကအလေးပေးပြောကြားခဲ့သည်။

ဂျပန့်အိမ်နီးချင်းနိုင်ငံများအနက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ယခုဆုံးဖြတ်ချက်အား တောင်ကိုရီးယားသမ္မတကထောက်ခံခဲ့သော်လည်း တောင်ကိုရီးယားအတိုက်အခံပါတီနှင့်အချို့နိုင်ငံသားများကလက်မခံဘဲဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။

Source : kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here