နောင်ချိုမြို့ရှိ ရွှေပန်းတိမ်ဆိုင်တစ်ဆိုင်၌ ရွှေထည်ပစ္စည်းများကိုဓားပြတိုက်လုယက်ယူဆောင်သွား

0
259

ရှမ်းပြည်နယ်၊နောင်ချိုမြို့၊စျေးရပ်ကွက်၊7မန္တ လေး-မူဆယ်သွားပြည်ထောင်စုကားလမ်းမကြီးဘေးရှိ “ကိုအောင်ကျော်စိုး+မဖြူဖြူဝင်း”ရွှေပန်းတိမ်ဆိုင်တွင် သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့မှု သြဂုတ် ၂၄ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က အမည်မသိအမျိုး သား ၅ ဦးသည် နောင်ချိုမြို့၊စျေးရပ်ကွက်၊မန္တ လေး-မူဆယ်သွားပြည်ထောင်စုကားလမ်းမကြီးဘေးရှိ “ကိုအောင်ကျော်စိုး+မဖြူဖြူဝင်း”ရွှေပန်းတိမ်ဆိုင်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် သေနတ်ပစ်ဖောက်ကာ တန်ဖိုး(စီစစ်ဆဲ)ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြပြီး ပစ်ခတ်မှုကြောင့် ရွှေပန်းတိမ်ပိုင်ရှင်(လင်မယား) ၂ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here