AFC Cup တွင် ရှမ်းယူနိုက်တက် ဩစတြေးလျ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားကလပ်တို့နှင့် ယှဉ်ပြိုင်ရမည်

0
258

မြန်မာနေရှင်နယ်လိဂ် ၂၀၂၂ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဥ်ပြိုင်မည့် AFC Cup 2023/24 တွင် ဩစတြေးလျ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားကလပ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ယနေ့ (သြဂုတ် ၂၄ရက်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FCတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

“AFC Cup အုပ်စုအဆင့်မှာဆိုရင်တော့ အသင်းတိုင်းက အဆင့်အတန်းမြင့်ကြပါတယ်။ ပြိုင်ဘက်တိုင်းကိုလည်း အနိုင်ယူနိုင်စွမ်းရှိကြတယ်။ ကျွန်တော်တို့ ရှမ်းယူနိုက်တက်အသင်းကလည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး ကန်တာဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားကစားသွားမှာပါ။ ရလဒ်တွေကောင်းအောင်လည်း ကြိုးစားသွားမယ်။ အရင်နှစ်တွေကထက်လည်း အများကြီးပိုမိုပြင်ဆင်ထားပါတယ်” ဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးဟန်ဝင်းအောင်က အုပ်စုမဲခွဲပွဲအပြီးတွင်ပြောသည်။

AFC Cup 2023/24 ပြိုင်ပွဲအုပ်စုပွဲစဥ်များကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာမူ AFC Cup ခြေစစ်ပွဲ အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

Photo – MFF/ Shan United


LEAVE A REPLY

Please enter your comment!
Please enter your name here