နီပေါအသင်းနှင့် ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် ပမာဏမြန်မာ့လက်ရွေးစင်အသင်းကိုပြည်တွင်းကစားသမားများဖြင့်ဖွဲ့စည်းထား

0
136

မြန်မာ့လက်ရွေးစင်အသင်းသည် ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ် ကစားမည့် နီပေါလက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ပွဲစဥ်များအတွက် ပမာဏမြန်မာ့လက်ရွေးစင်အသင်းကို ပြည်တွင်းကစားသမားများဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

နည်းပြချုပ် မိုက်ကယ်ရွေးချယ်ထားသည့် နီပေါအသင်းနှင့် ယှဉ်ပြိုင်မည့် ပမာဏ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ပြည်ပထွက်ကစားနေသည့်ကစားသမားများ မပါ၀င်သေးဘဲ လက်ရှိမြန်မာနေရှင်နယ်လိဂ်တွင် ကစားနေသော ကစားသမား ၂၅ ဦးဖြင့်သာ ယ‌နေ့ (သြဂုတ် ၂၄ ရက်) စတင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။

ပြည်ပလိဂ်များတွင် ကစားနေသော ကစားသမားများသည် စက်တင်ဘာလ အစောပိုင်းတွင် မြန်မာ့လက်ရွေးစင် အသင်းထံလာရောက်ပူးပေါင်းမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့်နီပေါလက်ရွေးစင်အသင်းတို့သည် စက်တင်ဘာ ၈ ရက်နှင့် ၁၁ ရက်တို့၌ သုဝဏ္ဏဘောလုံးကွင်းတွင် ‌ခြေစမ်းပွဲ(၂)ပွဲယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်း ခြေစမ်းပွဲမတိုင်မီ ပြည်တွင်းလိဂ်မှကလပ်အသင်းများနှင့် ခြေစမ်းကစားရန်စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ် ရွေးချယ်ထားသည့် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်း လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုး- ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ပြည့်ဖြိုးအောင် (ဟံသာဝတီယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)

နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ ဇွဲထက်မင်း (ရှမ်းယူနိုက်တက်)၊ မင်းကျော်ခန့်၊ ဇင်ကိုထက်၊ ဟိန်းဇေယျာလင်း၊ ဇော်ရဲထွန်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)

အလယ်တန်း- သက်ပိုင်ထွေး၊ ထက်ဖြိုးဝေ၊ စျာနေယျသူ၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင် (ရှမ်းယူနိုက်တက်)၊ နေမိုးနိုင်(ဟံသာဝတီယူနိုက်တက်)၊ ဝေလင်းအောင်၊ ဆွမ်လမ်မန်၊ မင်းမြတ်စိုး (ဒဂုံစတား)၊ အောင်လှိုင်ဝင်း(မဟာယူနိုက်တက်)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)

ရှေ့တန်း- ရန်ကျော်ထွေး (ရန်ကုန်ယူနိုက်တက်)


LEAVE A REPLY

Please enter your comment!
Please enter your name here