ပုလဲကွန်ဒိုအနီးတွင် အရှိန်မထိန်းနိုင်ဘဲ အိမ်စီးကား ၃ စီးတိုက်

0
264

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ပုလဲကွန်ဒိုအနီးရှိ ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်မီးပွိုင့်တွင် သြဂုတ် ၂၄ ရက်ညပိုင်းက အိမ်စီးကား ၃ စီးအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ကြောင်း ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ဗဟန်းမြို့ နယ်၊ပုလဲကွန်ဒိုအနီးရှိ ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်မီးပွိုင့်တွင် အိမ်စီးကား ၃ စီးအရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိကာ တစ်စီးမှာမီးပွိုင့်အုတ်ခုံပေါ်ရောက်သွားခဲ့ကြောင်း သိရသည်။

“မီးပွိုင့်မှာတိုက်မိတာပါ အမျိုးသား ၂ ဦးဒဏ်ရာရပါတယ် မစိုးရိမ်ရပါဘူး ကား ၃ စီးလုံးကတော့ အတော်ကြီးပျက်စီးသွားတယ် တိုက်တဲ့ကား ၃ စီးလုံးက အိမ်စီးကားတွေပါ”ဟု ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၂ ဦးအား မိတ်ဖက်လူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကရုဏာကမ်းလက်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here