ယူကရိန်း ခဲယမ်းမီးကျောက် သိုလှောင်ရုံကို ဖျက်စီးခဲ့ဟု ရုရှား ပြောရေးဆိုခွင့်ရှိသူ ပြောကြား

0
206

လေကြောင်းနှင့် အမြောက်များဖြင့် ပံ့ပိုးထားသော ရုရှားနိုင်ငံ Battlegroup တပ်ဖွဲ့များသည် ယူကရိန်းတို့၏ လက်နက်ခဲယမ်းမီးကျောက်များသိုလှောင်သည့် အမာခံစခန်းတစ်ခုနှင့် Donetsk ဒေသအနီး လှုပ်ရှားနေသော ယူကရိန်းစစ်တပ်မှ တိုက်ခိုက်ရေးယာဉ်တစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း Battlegroup ပြောရေးဆိုခွင့်ရှိသူ Oleg Chekhov ကပြောကြားခဲ့သည်။

“အမြောက်နှင့် လေကြောင်းအကူအညီဖြင့် အရှေ့ Battlegroup ၏ ထိပ်တန်းတပ်ဖွဲ့များသည် Urozhainoe အနီးရှိ ရန်သူအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယူကရိန်းစစ်တပ်၏ ယာယီစခန်းနှစ်ခု၊ ခဲယမ်းမီးကျောက်များ၊ အမာခံစခန်းတစ်ခုနှင့် တိုက်ခိုက်ရေးယာဉ်တစ်စီးတို့ ထိမှန် ဖျက်ဆီးခံခဲ့ရသည်။ စုစည်းနေကြသော ယူကရိန်းတပ်ဖွဲ့ဝင်များကိုလည်း ထိမှန်ခဲ့သည်။ ရုရှားတို့၏ UAV တိုက်ခိုက်မှုသည် ယူကရိန်းစစ်တပ်ခြေလျင်တပ်ရင်းနှင့်အတူ သံချပ်ကာကားတစ်စီးကို ဖျက်ဆီးပစ်ခဲ့သည်”ဟု Oleg Chekhov ကပြောကြားခဲ့ခြင်းဖြစ်သည်။

Battlegroup မှ စစ်သည်များသည် တိုက်ခိုက်ရေးမစ်ရှင်များတွင် ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို သရုပ်ပြနေကြသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here