မြန်မာယူ ၁၂ နိုင်ပွဲစတင်ရရှိ

0
229

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပနေသည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ ၁၂ နိုင်ပွဲစတင်ရရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာယူ ၁၂ အသင်းသည် အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီး အုပ်စုအဆင့်ရပ်တည်ချက်အရ Group League ပွဲစဉ်များ ထပ်မံကစားရာတွင် Group (D) မှ Tokyo Verde U 12 အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလူငယ်များသည် အုပ်စုပွဲစဉ်၏ ပထမပွဲစဉ်အဖြစ် ဘာစီလိုနာ လူငယ်အသင်းကို ၄ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲစဉ်အဖြစ် ဂျပန်ကလပ် JEF United Chiba U-12 အသင်းကို ၃ ဂိုး ၁ ဂိုး၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် Daiwa House Dream အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်တို့ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယှဉ်ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here