လှိုင်သာယာတွင် အရက်သောက်စားထားသူမှမီးရှို့၍ နေအိမ် ၃ လုံးပျက်စီးဆုံးရှုံးခဲ့

0
204

ရန်ကုန်တိုင်း၊လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊အမှတ်(၉)ရပ်ကွက်တွင် သြဂုတ် ၂၅ ရက်(ယနေ့) နံနက်အစောပိုင်းက အရက်သေစာသောက်စားထားသူမှ မီးရှို့ခဲ့သဖြင့် နေအိမ် ၃ လုံးပျက်စီးဆုံး
ရှုံးခဲ့ကြောင်း မေတ္တာမြိုင်ပရဟိလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊အမှတ်(၉)ရပ်ကွက်၊မြိုင်လမ်းတွင်မီးလောင်မှုဖြစ်ပွား၍ မြောက်ပိုင်းခရိုင်မီးသတ်စခန်း၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မီးသတ်စခန်း၊အင်းစိန်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မေတ္တာမြိုင်ပရဟိတလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“နေအိမ် ၃ လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ် မီးစလောင်တဲ့အကြောင်းရင်းက အရက်သောက်စားထားတဲ့လူကမူးပြီး အိမ်ကိုမီးနဲ့ရှို့ရာကနေ ဘေးကပ်ရက်က ဘယ်/ညာကအိမ် ၂ လုံးကိုပါ မီးကူးစက်ပြီးလောင်ကျွမ်းခဲ့တာပါ ထိခိုက်သေဆုံးသူမရှိပါဘူး သက်ကြီးရွယ်အို ၂ ယောက်ကိုလည်း လောင်ပြင်ကနေအချိန်မီကျွန်တော်တို့အသင်းက အချိန်မီကယ်ထုတ်နိုင်ခဲ့ပါတယ်”ဟု မေတ္တာမြိုင်ပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၄ နာရီ ၂၀ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၂၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။

Photo-မေတ္တာမြိုင်ပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here