မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦး သွေးတိုးကာ ဦးနှောက်အတွင်းပိုင်း ပျက်စီးသွား

0
262

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုလွင်ကိုဦး (ခ)ကိုပြည့်သည် သွေးတိုးကာ ဦးနှောက်အတွင်းပိုင်းပျက်စီးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုလွင်ကိုဦး(ခ)ကိုပြည့်သည် သြဂုတ် (၂၁) ရက်က အိပ်နေစဥ်ခေါင်းမူးကာ မျက်စိများမဖွင့်နိုင်ဖြစ်ပြီး ခြေလက်များမလှုပ်ရှားနိုင်ဘဲ ပါးစပ်ရွဲ့စောင်းကာ သွားရေများကျလာသဖြင့် ၎င်း၏မိတ်ဆွေများမှ ဆာလရမ်းမြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကိုလွင်ကိုဦး (ခ)ကိုပြည့်သည် ဦးနှောက်တွင်သွေးခဲပြီး အသိစိတ်မရှိစကားမပြောနိုင်ဖြစ်ကာ ခန္တာကိုယ်မှာမလှုပ်ရှားနိုင်တော့သဖြင့် ဆရာဝန်များမှစစ်ဆေးရာ ဦးနှောက်အတွင်းပိုင်းပျက်စီးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဆေးရုံမှပြန်ဆင်းခွင့်ပြုခဲ့ရာ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကိုလွင်ကိုဦး(ခ)ကိုပြည့်အား ဆေးရုံမှတဆင့် နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကိုလွင်ကိုဦး(ခ)ကိုပြည့်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ဘီးလူးကျွန်းမြို့နယ်၊ မုဒွန်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here