ပြင်ဦးလွင်မြို့နယ်တွင် ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး

0
356

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်ရှိ လက်ပံကုန်းသုဿန်အနီးတွင် သြဂုတ် ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ပြင်ဦးလွင်မြို့နယ်ရှိ လက်ပံကုန်းသုဿန်အနီးတွင် ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ တုသိတာလူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“အခင်းဖြစ်နေရာမှာ အရိုက်ခံရတဲ့လူက ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာနဲ့သေဆုံးနေတာပါ သက် လတ်ပိုင်းအရွယ်လောက်ပဲရှိပါသေးတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် တုသိတာလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here