ဘီးလင်းမြို့နယ်ရှိ အ.ထ.က (ဒေါက်ရပ်)လက်နက်ကြီးဖြင့်ပစ်ခံရ

0
360

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာရှိ အ.ထ.က (ဒေါက်ရပ်)သည် သြဂုတ် ၂၅ ရက်နံနက်ပိုင်းက လက်နက်ကြီးဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့နံနက် ၉ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာရှိ အ.ထ.က ကျောင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ (၂)ထပ်ကျောင်းဆောင်၏ စာသင်ခန်းအတွင်းသို့ လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုပေါက်ကွဲမှုကြောင့် စာသင်ခန်းအတွင်းရှိ ပစ္စည်းများနှင့်ကျောင်းဆောင်အမိုး၊မျက်နှာကျက်များပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here