မြန်မာနိုင်ငံနှင့်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတို့ကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆွေးနွေး

0
314

မြန်မာနိုင်ငံနှင့်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတို့ကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ဦးဟန်ဝင်းနိုင်နှင့်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တကော်မရှင်နာ Mr. Pan Yundong တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဦးဟန်ဝင်းနိုင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တကော်မရှင်နာ Mr. Pan Yundong အား သြဂုတ် ၂၅ ရက်နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်မှ ၂၀၂၁ ခုနှစ်၌ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နစက ကနိုင်ငံတော်၏တာဝန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထိန်းသိမ်းခဲ့မှု၊နိုင်ငံတကာအဖွဲ့အစည်းများ၊ဒေသတွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကိုဗစ်ကာလ စီးပွားရေးပြန်လည်နလန်ထူလာစေရန်နှင့်တိုးတက်မှုရရှိရန်ဆောင်ရွက်ခဲ့မှု၊ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နစကမှဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ကာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့်မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု ပကတိအခြေအနေမှန်များကို ပိုမိုသိရှိနိုင်စေရန်လည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံနှင့်ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတို့ကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here