အင်ဒိုနီးရှား၌ အမှိုက်မီးလောင်မှုကြောင့် အရေးပေါ်အခြေအနေကြေငြာထားရ၊ဒေသခံများမီးခိုးမွှန်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်နေ

0
192

ဘန်ဒေါင်း၊ဩဂုတ် ၂၅

အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ရက်အတန်ကြာမီးလောင်မှုဖြစ်ပွားခဲ့ရာ ပုပ်စော်နံသည့်မီးခိုးငွေ့များဖြစ်ပေါ်နေသဖြင့် အနီးနားနေထိုင်သူများကျန်းမာရေးအတွက်ဒေသအာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေငြာခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါအမှိုက်ပုံသည် အင်္ဂါနေ့ကတည်းကလောင်ကျွမ်းနေခဲ့ခြင်းလည်းဖြစ်သည်။အမှိုက်ပုံအနီးနေထိုင်သူ ၆၇ ဦးထက်မနည်းတွင် အသက်ရှုလမ်းကြောင်းပိုးဝင်မှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး နှစ်ဦးမှာအဆိပ်သင့်မီးခိုးများကြောင့် ဆေးရုံတင်ထားရကြောင်း ဒေသန္တရကျန်းမာရေး ဆေးခန်းတစ်ခုထံမှသိရသည်။

မီးလောင်ကျွမ်းမှုမှ ၆ ကီလိုမီတာအကွာရှိ အစ္စလာမ်ဘာသာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကမူကျောင်းသားများအား မီးခိုးငွေ့များကြောင့် အိမ်တွင်သာနေကြရန် ညွှန်ကြားထားကြောင်းလည်းသိရသည်။

၂၅ ဟက်တာအကျယ်အဝန်းရှိသည့်အဆိုပါအမှိုက်ပုံ၌ မီးငြှိမ်းသတ်ရန် မီးသတ်ကားအစီးရေ ၃၀ ထက်မနည်းငြှိမ်းသတ်ခဲ့သော်လည်း မအောင်မြင်ဘဲ အပူချိန်မြင့်မားမှုနှင့်လေပြင်းများတိုက်ခတ်ခြင်းက မီးလောင်မှုကိုပိုအားပေးနေသည်ဟု အာဏာပိုင်များကဆိုသည်။

၎င်းဖြစ်စဉ်က ဒေသဆိုင်ရာအစိုးရအား ၂၁ ရက်ကြာ အရေးပေါ်အခြေအနေအဖြစ်ကြေငြာရန် တွန်းအားပေးခဲ့ကြောင်း အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Hengky Kurniawan က ကြာသပတေးနေ့ကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here