ဂျပန်၏ဖူကူရှီးမားရေဆိုးလွှတ်ထုတ်မှုကြောင့် ပေကျင်းရှိငါးရောင်းသူများစိုးရိမ်ပူပန်နေရ

0
285

ပေကျင်း၊ဩဂုတ် ၂၅

ဂျပန်နိုင်ငံ၏ သဘာဝဘေးဒဏ်သင့် ဖူကူရှီးမား နျူကလီးယားစက်ရုံမှရေဆိုးများကို သမုဒ္ဒရာထဲသို့ ဖြည်းဖြည်းချင်းလွှတ်ထုတ်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း ပေကျင်းရှိပင်လယ်စာရောင်းချသူများကသြဂုတ်လ ၂၄ ရက်က ပြောကြားခဲ့ကြ သည်။

ယင်းသို့စတင်မထုတ်လွှတ်မီ နာရီပိုင်းအလိုတွင် တရုတ်မြို့တော်၏ အကြီးဆုံးပင်လယ်စာဈေးကွက်တစ်ခုရှိ စတိုးဆိုင်မန်နေဂျာက ယခုလုပ်ရပ်သည် ၎င်း၏လုပ်ငန်း အထူးသဖြင့် တူနာငါးရောင်းချမှုအပေါ်ကြီးမားသောအကျိုးသက်ရောက်မှုများရှိနေပြီဖြစ်သည်ဟု အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။

“ဂျပန်ကနေရတဲ့ ငါးလတ်လတ်ဆတ်ဆတ်တွေကိုရခဲ့ဖူးပေမယ့် အကောက်ခွန်တားမြစ်ချက်ကြောင့် လွန်ခဲ့တဲ့နှစ်လလောက်ကစပြီး တင်သွင်းတာကို ရပ်ဆိုင်းခဲ့ပါတယ်” ဟု ဆိုကာ ပြီးခဲ့သည့်လက ချမှတ်ခဲ့သော သွင်းကုန်ထိန်းချုပ်မှုများကို ရည်ညွှန်းပြောကြားခဲ့သည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကမူ ဂျပန်က စွန့်ထုတ်မည့်ရေထဲတွင် လူများနှင့်ပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည့်ရေဒီယိုသတ္တိကြွဓာတ်အနည်းငယ်သာပါဝင်ကြောင်းလည်း ဇူလိုင်လကထောက်ခံပြောကြားခဲ့သေးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here