အမျိုးသမီးလိဂ် ရာသီပိတ် ချန်ပီယံဆုအဆုံးအဖြတ်နောက်ဆုံးပွဲစဉ်အား လက်မှတ်အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်

0
290

အမျိုးသမီးလိဂ် ရာသီပိတ် ချန်ပီယံဆုအဆုံးအဖြတ်နောက်ဆုံးပွဲစဉ်အား ပရိသတ်များ လက်မှတ်အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြဝတီအမျိုးသမီးအသင်းနှင့် အား/ကာသိပ္ပံ အမျိုးသမီးအသင်းတို့၏ ချန်ပီယံဆုအဆုံးအဖြတ်ဖြစ်လာမည့် မြန်မာအမျိုးသမီးလိဂ် ရာသီပိတ်နောက်ဆုံးပွဲစဉ်ကို မနက်ဖြန် (ဩဂုတ်လ ၂၇ ရက်) တွင် သုဝဏ္ဏကွင်း၌ ညနေ ၄ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်သည်။

ပရိသတ်များအနေဖြင့် သုဝဏ္ဏကွင်းဝင်ပေါက်ဂိတ်အမှတ်(၂) နှင့် ဂိတ်အမှတ်(၆)တို့မှ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ပရိသတ်များအား ကွင်းအတွင်းသို့ ထီး၊ရေသန့်ဘူး၊ မီးခြစ်စသည့် အရာများအား ကွင်းအတွင်းသို့ သယ်ဆောင်ခွင့်ပြုမည်မဟုတ်ဘဲ မိမိဝင်ရောက်လာသည့်ဂိတ်ဝတွင် အပ်နှံထားခဲ့ရမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပပြီးစီးခဲ့သည့် အမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲလေးကြိမ်တွင် မြဝတီအသင်းနှင့် ISPE အသင်းတို့က ချန်ပီယံဆုနှစ်ကြိမ်စီ ရရှိထားရာ အဆိုပါပွဲစဉ်တွင် အနိုင်ရရှိသည့်အသင်းအနေဖြင့် အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

Photo – MWL


LEAVE A REPLY

Please enter your comment!
Please enter your name here