စားသုံးဆီ ရည်ညွန်း​စျေးအတိုင်းဘယ်​တော့အ​ရောင်းထွက်လာမလဲ

0
154

စားသုံးဆီ​စျေးများမြင့်တက်လာ​နေမူအ​ပေါ် သာမန်ပြည်သူများ၏ညည်းသံထွက်လာသလို အစိုးရပိုင်းကလည်း ဖိအား​ပေး အ​ရေးယူမည့်အသံများထွက်လျှက်ရှိ​နေသည်။

ယမန်နေ့နေလည်ပိုင်းလက်ကားစျေးမှာ ပီပါအလုံး(၁၀၀) အတွက် တစ်ပိဿာ (၇၈၀၀) နှုန်းခန့်ဖြစ်ပြီး၊ ပီပါ (၁၀)လုံးအတွက် (၈၇၀၀) နှုန်းဖြင့်အရောင်းအဝယ်ပြု​နေကြ​ကြောင်းသိရသည်။

အလုံး (၁၀၀) ဝယ်​စျေးထက် (၁၀) လုံးဝယ်ယူခြင်းစျေးပိုမြင့်နေခြင်းမှာ အချို့တင်သွင်းသူကုမ္မဏီများမှ အမှန်တကယ်ရောင်းချခြင်းမဟုတ်ပဲ အများဆုံး(၁၀)လုံး ခန့်သာချွေရောင်းနေသည် သဘောကြောင့်ဖြစ်​ကြောင်းသုံးသပ်​ကြသည်

“ဆီဈေးက အခုအစ်မတို့ဆီမှာ တစ်ပိဿာကို ၁၂၀၀၀ ဈေးရောက်နေပြီ။ စားဆီဈေးနော်။ ပဲဆီဈေးက အဲဒီထက်များတယ်။ အစ်မတို့ ဝယ်ရတဲ့ဈေးကိုက ၁၀၅၀၀ ပေါ့နော်။ နယ်မှာက အကုန်လုံးက ငါးကျပ်သား ၊ တစ်ဆယ်သား ဝယ်ကြ ရောင်းကြရတာများတယ်လေ။ ဈေးကသာ တက်နေတာ အကျိုး အမြတ်ရလားဆိုတော့ ဘာမှဟုတ်တိပတ်တိရတာမဟုတ်ပါဘူး။ တကယ်လို့ ဈေးကျအောင် လုပ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ရောင်းရဝယ်ရတာ စိတ်သန့်တာပေါ့။ အခုဟာက ဘယ်တော့ ဘယ်ဈေးဖြစ်မလဲ အမြဲတမ်း နားစွင့်နေရတာ။ အကုန်ကိုတက်နေတာလေ။ ဆန်လည်းတက် ၊ ဆီလည်းတက် ၊ အကုန်တက်တယ်” ဟုဧရာဝတီတိုင်းအတွင်းမှ ဆီကုန်သည်တစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ဖြေကြားခဲ့သည်။

ယ​နေ့မနက်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆီတင်သွင်းသူ ကုမ္မဏီများ၊ ဘုရင်နောင်ပွဲရုံများနှင့် ညောင်ပင်လေးစျေးလက်ကားဆိုင်များအား ဘုရင့်နောင်ကုန်စည်ဒိုင်သို့ခေါ်ယူပြီး ကုမ္မဏီများမှ လက်ကားဆိုင်များသို့ စုပေါင်းရောင်ချခြင်းဖြင့် ရောင်းလိုအားမြှင့်တင်၍စျေးနှုန်းဆွဲချရန် စီမံ ဆောင်ရွက်သွား​နေသည်ဟုသိရသည်။

“ကျ​နော်တို့ကို အမြန်ထုတ်​ရောင်းခိုင်း​နေတယ်၊ကျ​နော်တို့လို သွင်းတဲ့သူ​တွေက​တော့ ရှင်းတယ်၊မကြာခင်ရည်ညွန်း​စျေးနဲ့ အ​ရောင်းထွက်လာကြမှာပါ။ဝယ်ပြီးပိုက်မိ​နေတဲ့သူ​တွေက ပိုက်မိတဲ့​စျေးနဲ့အရင်ဖြည်ကြဦးမှာ၊ဆီး​ဟောင်းပိုက်မိသူ​တွေက ချက်ချင်းဆွဲချဖို့ ခက်​နေနိုင်တယ်၊တပတ်​လောက်​နေရင်​တော့ ကျမှာပါ။ Supply နဲ့ Demand မျှရင်​တော့ ဖြစ်သင့်တဲ့​​စျေးဖြစ်လာမှာပါ”ဟု ဆီသွင်းသူတစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ပြောကြားခဲ့သည်။

” အေးပေါ့ ။ တစ်ခါတည်း ဟိုး လေးငါးထောင်အထိ ဆွဲချလိုက်ရင်တော့ ကုန်ပြီပေါ့။ ရင်းနှီးထားရတာလေ။ ပီပါလိုက်တွေ ​စျေးကြီး​ပေး ဝယ်ထားရတာလေ။တက်​စျေးနဲ့မိထားတဲ့ ကုန်သည်တွေ ၊ ဆိုင်ကြီးသမားတွေ​တော့ နစ်နာမှာပေါ့။ တဖြေးဖြေးနဲ့ ကျသွားအောင်တော့ လုပ်ရမှာပါပဲ ။အခုဈေးတွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ အခြေခံပြည်သူတွေ တောသူ တောင်သားတွေအတွက်လေ”ဟု ဆိုင်သမားတစ်ဦးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here