ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ ပြုလုပ်

0
136

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယင်းအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် အပါအဝင် နိုင်ငံတော်အဆင့် နှင့် တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနားတွင် ကရင်တိုင်းရင်းသားများစွာ အပြင် အခြားတိုင်းရင်းသားများလည်း တက်ရောက်ကာ ချည်ဖြူဖွဲ့ ခံခဲ့ကြကြောင်း တွေ့မြင်ရပြီး အခမ်းအနားတွင် ကရင်တိုင်းရင်းသား ရိုးရာ အကများများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဝါခေါင်လ ရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ဝတ္တရားမပျက် ချည်ဖြူဖွဲ့ကြကာ တစ်ရွာလုံး တစ်နယ်လုံး အတိုင်းအတာဖြင့်လည်း စုပေါင်းကာ ချည်ဖြူဖွဲ့ကြပြီး ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည် ဆုံတွေ့ရေး၊ မိသားစုများ ပြန်လည် စုစည်းရေး၊ လူငယ်လူရွယ်များကို လူကြီးများက ဆုံးမစကား ပြောရန်ရှိပါက အဆိုပါနေ့တွင် ပြောနိုင်ရေး စသည်ဖြင့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here