အာဆီယံနိုင်ငံများ၏ရိုးရာလက်မှုပစ္စည်းများ၊ယဉ်ကျေးမှုပစ္စည်းများပြသခဲ့​သော ASEAN Fest 2023 ပြပွဲ

0
352

အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ကျင်းပသည့် ASEAN Fest 2023 ပြပွဲတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ယဉ်ကျေးမှုပစ္စည်းများနှင့်ယွန်းထည်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်။

ပြပွဲအား အင်ဒိုနီးရှားနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ဗဟိုဘဏ်(Bank of Indonesia)တို့ ပူးပေါင်း၍ သြဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ Jakarta Convention Center ၌ (၅၆) နှစ်မြောက် အာဆီယံနေ့အခမ်းအနားနှင့်မကြာမီကျင်းပမည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတို့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများကြား အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုအကြောင်းအရာများပိုမိုသိရှိလာစေရန် ဒုတိယအကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့်ဗဟိုဘဏ်အကြီးအကဲများ အစည်းအဝေး၏ side event တစ်ခုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြပွဲ၌ ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည့်အပြင် မြန်မာနိုင်ငံအကြောင်း သိကောင်းစရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့အတူ ဂျကာတာမြို့ရှိ ဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နှင့်တီမောလ်လက်စ်တေနိုင်ငံသံရုံးများမှလည်း ရိုးရာလက်မှုပစ္စည်းများ၊ယဉ်ကျေးမှုပစ္စည်းများနှင့်ဒေသထွက် သရေစာမုန့်များကို ခင်းကျင်းပြသခဲ့ကြသည်။

အာဆီယံနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုအကများ၊ အာဆီယံအကြောင်း သိကောင်းစရာဉာဏ်စမ်းပဟေဠိနှင့်ကစားပွဲများလည်း ပါဝင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here