ဒေါပုံမြို့နယ်၌ ရေဂါလံ(၂)သိန်းဆန့်ရေစုကန်တည်ဆောက်နေ

0
377

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ ၁/အ‌နော်မာရပ်ကွက်၊ရန်အောင်လမ်းနှင့်မင်းနန္ဒာလမ်းထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၊ရန်အောင်ရေပေးဝေရေးစခန်းတွင် ရေဂါလံ(၂)သိန်းဆန့် ရေစုကန်အားတည်ဆောက်လျက်ရှိသည်။

ထိုသို့ ရေစုကန်တည်ဆောက်နေမှုအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှ သြဂုတ် ၂၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ရန်အောင် ရေပေးဝေရေးစခန်းတွင်တည်ဆောက်လျက်ရှိသည့် အလျား ၈၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၀ ပေရှိ ရေဂါလံ(၂)သိန်းဆန့်ရေစုကန်တည်ဆောက်ပြီးပါက သာကေတ၊ဒေါပုံနှင့်ဗိုလ်တထောင်မြို့နယ်များသို့ ရေအားဖြည့်ပေးဝေနိုင်မည်ဖြစ်သည်။

မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ရန်အောင်မင်္ဂလာကန်တော်တွင် ကန်တော်ဝန်းကျင်နှင့်လမ်းတစ်လျှောက်သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်ထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ဗိုလ်တထောင်မြို့နယ်၊ကုန်သည်လမ်း ယခင်မြန်မာ့မီးရထားရုံးချုပ်(ရုံးဟောင်း)နေရာဝင်းအတွင်း အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်တွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here