သမိုင်းဝင်ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးရဲ့သီရိမင်္ဂလာကန်တော် ကန်ဆယ်ခြင်းနဲ့ ပြုပြင်တည်ဆောက်ခြင်းအတွက် အလှူငွေ (၁၀)သိန်းကျပ်လှူဒါန်းခဲ့တဲ့ခန့်စည်သူ

0
333

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့ရှေးဟောင်း သမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးရဲ့ပရဝုဏ် အတွင်းရှိ သီရိမင်္ဂလာကန်တော် ကန်ဆယ်ခြင်းနဲ့ ပြုပြင်တည်ဆောက်ခြင်းအတွက် အလှူငွေ (၁၀)သိန်းကျပ်ကို ယနေ့ဩဂုတ်လ ၂၆ ရက်နေ့က ခန့်စည်သူက လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဒါန်းမှုနဲ့ပတ်သက်ပြီး ခန့်စည်သူ က

” ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့ ရှေးဟောင်း သမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီး၏ ပရဝုဏ် အတွင်းရှိ သီရိမင်္ဂလာကန်တော် ကန်ဆယ်ခြင်းနှင့် ပြုပြင်တည်ဆောက်ခြင်းအတွက် အလှူငွေ ကျပ်(၁၀)သိန်းကို လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းမှု အစုစုတို့၏ အဖို့ဘာဂကိုကျေးဇူးရှင်မိဘနှစ်ပါး၊မူလ ရေကန်တော်အလှူရှင်များနှင့် တကွ (၇)ရက်သား၊သမီး အပေါင်း သူတော်ကောင်းများအား မေတ္တာပို့၍ ၊
အမျှ ကုသိုလ် ဝေမျှပါကုန်၏။
အမျှရကြသည်ဖြစ်၍ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။  ။

(ကောင်းကျိုးချမ်းသာ မင်္ဂလာများနှင့် ပြည့်စုံကြသည်ဖြစ်၍ ၊ကြံစည်အားထုတ်ပြုလုပ်သမျှ အောင်မြင်ကြပါစေ။)” လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here