အုတ်ဖိုမြို့နယ်တွင် USDP ပါတီဝင်တစ်ဦး နေအိမ်၌ပစ်ခတ်ခံရ၍သေဆုံး

0
221

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ဒေါင်းစပါးကျေးရွာ အုပ်စု၊ကွေ့ချောင်းကျေးရွာတွင် သြဂုတ် ၂၆ ရက်(ယနေ့)နံနက်ပိုင်းက USDP ပါတီဝင်တစ်ဦး ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က အမည်မသိအမျိုးသား ၂ ဦးသည် အုတ်ဖိုမြို့နယ်၊ဒေါင်းစပါးကျေးရွာ အုပ်စု၊ကွေ့ချောင်းကျေးရွာနေ USDP ပါတီဝင် ကိုမျိုးဇော်အောင်(၃၅)နှစ်၏ နေအိမ်သို့ရောက်ရှိလာကာ ၎င်းအားသေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကိုမျိုးဇော်အောင်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here