အဆင့် သတ်မှတ်ချက် ပွဲစဉ်တွင် မြန်မာယူ ၁၂ အသင်း ဂျပန်ကလပ်ကိုရှုံးနိမ့်

0
281

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပနေသည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအဆင့် သတ်မှတ်ချက် ပွဲစဉ်တွင် မြန်မာယူ ၁၂ အသင်း ဂျပန်ကလပ်ကိုရှုံးနိမ့်သွားကြောင်း သိရသည်။

မြန်မာယူ-၁၂ အသင်းသည် အဆင့် သတ်မှတ်ချက် ပွဲစဉ်အဖြစ် ဂျပန်ကလပ် Sagantosu ယူ-၁၂ အသင်းနှင့် ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုး ဂိုး မရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ ၁၂ အသင်းသည် အဆိုပါပြိုင်ပွဲတွင် ၄ ပွဲရှုံးပြီး ၁ ပွဲအနိုင်ရရှိထားပြီး ပြင်ဆင်ချိန်နည်းပါးသော်လည်း မိမိတို့ထက်အင်အားကြီးအသင်းများကို ယှဉ်ကစားနိုင်သည်ကို တွေ့ရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here