ငဝန်မြစ်ရေ ငသိုင်းချောင်းတွင် စိုးရိမ်ရေမှတ်သို့ရောက်နိုင်

0
216

လက်ရှိ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့မှ အဆိုပါ မြို့၏စိုးရိမ်ရေမှတ်အောက် ပေဝက်လောက်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ် ၂၆ ရက် မနက် ၈ နာရီအချိန်ထုတ်ပြန်သည့် မြစ်ရေ ကြီးခြင်းသတိပေးချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။

ငသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူတွေအနေဖြင့် အထူးသတိပြုနေထိုင် ကြရန် အသိပေးထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေ အားကောင်းနေကြောင်း၊ ယင်းအပြင် လာမည့် (၂) ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here