၄၈ နာရီအတွင်း ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်

0
333

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့ရှိ ချင်းတွင်းမြစ်ရေသည် လာမည့် ၄၈ နာရီအတွင်း ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၂၆ ရက်(ယနေ့)မွန်းလွဲ ၂ နာရီက ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်၌ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေကာ မြစ်ရေဆက်လက်မြင့်တက်လာပြီး ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလကသတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here