Taxi မောင်းသည့် အသက်(၆၀)နှစ်အရွယ် အဘိုးအိုအားဓားဖြင့်ထိုးပြီး ပိုက်ဆံများအားလုယက် ၊အဘိုးအိုသေဆုံး

0
381

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သြဂုတ် ၂၆ ရက်(ယနေ့)မွန်းတည့်ပိုင်းက Taxi မောင်းသည့် အသက်(၆၀)နှစ်ခန့်ရှိ အဘိုးအိုအား လူငယ် ၂ ဦးမှဓားဖြင့်ထိုး၍ ပိုက်ဆံများနှင့်ဖုန်းတို့အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ယုဇနဥယျာဥ်မြို့တော်၊ကျွှန်းရွှေဝါလမ်း၊မြသီတာပန်းခြံရှေ့တွင် ခရီးသည်ဟန်ဆောင်၍ အသက်(၆၀)နှစ်ခန့်ရှိ Taxi မောင်းသည့်အဘိုးအိုထံမှ ပိုက်ဆံများနှင့်ဖုန်းကိုလုယက်ခဲ့ကြသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ပိုက်ဆံနဲ့ဖုန်းကိုလုတော့ Taxi မောင်းတဲ့အဘိုးနဲ့ ရုန်းရင်းဆန်ခ တ်ဖြစ်တယ် အဲ့လိုဖြစ်တဲ့အချိန်မှာ လုယက်တဲ့လူ ၂ ယောက်က အဘိုးကိုဓားနဲ့ထိုးပြီး ထွက်ပြေးသွားကြတယ် သိရသလောက်ကတော့ အဲဒါပဲရှိသေးတယ် အဘိုးရဲ့မိသားစုဝင်တွေနဲ့အဆက်အသွယ်ရမရကျွန်တော်တို့မသိသေးဘူး ဆေးရုံပို့တဲ့အချိန်အထိတော့ အဆက်အသွယ်မရသေးဘူး ကားအမျိုးအစားက Probox ပါ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဓားဖြင့်ထိုးခံရမှုကြောင့် အဘိုးအိုမှာ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိ၍ အခင်းဖြစ်ကားပေါ်၌ပင်သေဆုံးသွားခဲ့သဖြင့် တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် ရွှေသံလွင်လူမှုကူညီရေးအသင်းမှ ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here