၄ ရက်အတွင်း အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုလုပ်ငန်းတွင် ပါ၀င်သည်ဟု သံသယရှိသူ ၂၄ ဦးကို တရုတ်သို့ ပြန်ပို့

0
240

ယနေ့တွင် အွန်လိုင်း လောင်းကစား ၊ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၅ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ဆီ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံထံ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူစုစုပေါင်း ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သံရုံးကဆိုသည်။

ထိုလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံနှင့် အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွ လောင်းကစားလိမ်လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်ကို ပြသနေကြောင်း၊ သက်ဆိုင်ရာအဘက်ဘက်အားလုံးသည် ဒေသတွင်း လောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတက်ကြွသော သဘောနှင့် ပိုမိုကျွမ်းကျင်သော လုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here