မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်

0
435

ယနေ့ ဩဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၈ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဖော်ပြပါပုဂ္ဂိုလ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသူများမှာ ( ၁ ) ဒေါက်တာ ရီအေး၊ ( ၂ ) ဦးတင်မြင့်၊ ( ၃ ) ဒေါက်တာ လှညွန့်တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here