ယူကရိန်းနိုင်ငံ ရေရှည်လုံခြုံရေး အာမခံချက် G7ကြေငြာချက် နိုင်ငံပေါင်း ၂၀ ကျော် လက်မှတ်ရေးထိုးပြီးဖြစ်

0
233

“ယနေ့အထိ၊ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ဆိုင်ရာ G7 ကြေငြာချက်မှာ နိုင်ငံပေါင်း ၂၀ကျော် ပါဝင်ပြီးလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အခုဆိုရင် အဲဒီကြေငြာချက်မှာ G7 နိုင်ငံတွေ အပါအဝင် စုစုပေါင်းနိုင်ငံ ၃၀ နီးပါး ပါဝင်နေပါပြီ” ဟု သမ္မတ ဇလန်းစကီးက ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လက Vilnius မြို့တွင်ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးပြင်ပတွင် G7 သည် ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအာမခံချက်ဆိုင်ရာ ကြေငြာချက်ကို သီးခြားကြေငြာရန်လက်ခံခဲ့သည်။ အထူးသဖြင့် ယူကရိန်းသည် သိသာထင်ရှားသော စစ်ရေးအလားအလာကို ရရှိသင့်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။ ဥရောပနိုင်ငံများနှင့် သဘောတူညီချက်များကို ယခုနှစ်မကုန်မီ လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု ယူကရိန်းအာဏာပိုင်များက မျှော်လင့်ထားသည်။

ရုရှားပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကမူ ယင်းဆုံးဖြတ်ချက်သည် မှားယွင်းပြီး အန္တရာယ်များလွန်းသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here