ဖူကူရှီးမားဒေသရှိငါးများတွင် ရေဒီယိုသတ္တိကြွဓာတ်မတွေ့ရှိရဟုဂျပန်ပြောကြား

0
180

တိုကျို၊ဩဂုတ် ၂၆

ဖူကူရှီးမားနျူစက်ရုံတစ်ဝိုက်ရေပြင်ရှိ ငါးများအားစမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါငါးများတွင်ရေဒီယိုသတ္တိကြွဓာတ်ပါဝင်သည့် အဆင့်မရှိကြောင်း ဂျပန်ငါးဖမ်းအေဂျင်စီကစနေနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင်ပြောကြားခဲ့သည်။

စက်ရုံအော်ပရေတာဖြစ်သည့် တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (Tepco) သည် ဖူကူရှီးမားရေဆိုးများအား စတင်လွှတ်ထုတ်ချိန် ကြာသပတေးနေ့ကတည်းက ငါးများကိုစမ်းသပ်နိုင်ရန် ပိုက်ကွန်များတပ်ဆင်ခဲ့ခြင်းဖြစ်သည်။

သို့သော်ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုကြောင့် ပြည်တွင်းပြည်ပဆန့်ကျင်ကန့်ကွက်မှုများမြင့်တက်လာပြီး အိမ်နီးချင်းနိုင်ငံများကိုလည်းထိတ်လန့်စေခဲ့ကာ တောင်ကိုရီးယား၌ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။

ဆက်လက်၍လည်း အဆိုပါရေဆိုးစွန့်ထုတ်မှုကြောင့် တရုတ်နိုင်ငံက ဂျပန်၏ရေထွက်ပစ္စည်းများကိုတားမြစ်ခဲ့သည်။ စက်ရုံအေဂျင်စီကမူ ထုတ်လွှတ်မှုနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို နေ့စဉ်တင်ပြနေမည်ဖြစ်သည်ဟုဆိုသည်။

ပြည်တွင်းပြည်ပမှဆန့်ကျင်ကန့်ကွက်မှုများကြောင့် ယခုဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုအား အချိန်ယူဆွေးနွေးပြီးနောက် ဝန်ကြီးချုပ်ကီရှီဒါအစိုးရက ရေဆိုး ၁ ဒသမ ၃ သန်းတန်အားစွန့်ထုတ်ရန်ခွင့်ပြုပေးခဲ့ကြောင်းသာသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here