‌ပြည်ပရောက်မြောက်ကိုရီးယားနိုင်ငံသားများအားပြည်ပြန်ဝင်ခွင့်ပြု

0
347

ဆိုးလ်၊ဩဂုတ် ၂၇

မြောက်ကိုရီးယားသည် ကိုဗစ်ကာလစတင်ချိန်မှစ၍ တင်းကျပ်သောနယ်စပ်စည်းမျဉ်းများချမှတ်ကာ ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီးနောက် ယခုအခါ ပြည်ပရောက်၎င်းနိုင်ငံသားများကို ပြည်ဝင်ခွင့်ပြန်ပြုပေးလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

KCNA သတင်းဌာနဖော်ပြချက်အရ နိုင်ငံ၏ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးဌာနချုပ်၏အတည်ပြုချက်၌ ကမ္ဘာ့ကပ်ရောဂါအခြေအနေသက်သာလာသဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးနှင့်နယ်စပ်စည်းမျဉ်းလျှော့ချခြင်းဖြစ်သည်ဟုဆိုထားသည်။

ပြည်တော်ပြန်ဝင်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အခြေအနေစောင့်ကြည့်ရန်အတွက် ကွာရန်တင်းတစ်ပတ်ကြာဝင်ရမည်ဖြစ်သည်ဟုလည်းဆိုသည်။

ပြုံယမ်းမှ Air Koryo လေယာဉ်သည် ၂၀၂၀ ပြည့်နှစ်တွင် ကူးစက်ရောဂါကြောင့် နယ်စပ်ပိတ်ဆို့မှုများ စတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပေကျင်းသို့ဆင်းသက်ခဲ့ပြီးရက်ပိုင်းအကြာတွင်ယခုကြေငြာချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အဆိုပါလေယာဉ်ပေါ်ရှိခရီးသည်များမှာ မည်သူမည်ဝါဖြစ်သည်ကို ချက်ခြင်းမသိရသေးသော်လည်း မြောက်ကိုရီးယားတွင်လည်ပတ်နေသည့် အနောက်နိုင်ငံများ၏ခရီးသွားကုမ္ပဏီများကမူ ၎င်းလေယာဉ်သည် နယ်စပ်ပိတ်လိုက်မှုကြောင့် တရုတ်နိုင်ငံတွင်းပိတ်မိနေသောမြောက်ကိုရီးယားနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်လာသည့်လေယာဉ်ဖြစ်ပုံရသည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here