ရွှေကျင်မြို့ရှိ ရွှေတောင်ဦးဘုရားဂေါပက ဥက္ကဋ္ဌနေအိမ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
355

ပဲခူးတိုင်း၊ရွှေကျင်မြို့ရှိ ရွှေတောင်ဦးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ၏နေအိမ်၌ သြဂုတ် ၂၆ ရက်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်ခန့်က အမည်မသိအမျိုးသားများသည် ရွှေကျင်မြို့၊ပန်းဘဲတန်းရပ်ကွက်၊မင်းလမ်းနေ ရွှေတောင်ဦးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးမောင်ပုံ(ခ)ဦးမြမောင် နေအိမ်အား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

လက်လုပ်မိုင်းသည် နေအိမ်ခြံဝင်း၏ သံပန်းတံခါးအနောက်ဘက်တွင်ကျရောက်ပေါက်ကွဲခဲ့ရာ သံပန်းတံခါးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here