ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံး

0
280

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်တွင် သြဂုတ် (၂၆) ရက်ညပိုင်းက မြန်မာနိုင်ငံသားတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဥ် တိမ်းမှောက်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက အသက်(၂၅) နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဥ် နွန်ထဘူရီခရိုင်၊ ပါကရက်မြို့ရှောင်လမ်း၏ ဘန်ဖွတ်ချောင်းပေါင်း ကူးတံတားအနီးရှိ လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိမ်းမှောက်ခဲ့သည့်အတွက် ဆိုင်ကယ်မောင်းနှင်လာသည့် မြန်မာနိုင်ငံသားမှာ လူသွား
စင်္ကြန်စောင်းဖြင့်ရိုက်မိခဲ့သဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်အား နွန်ထဘူရီခရိုင်မှ တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ကာ သေဆုံးသူ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here