စားသုံးဆီပိဿာချိန် ၁.၇ သန်းကျော်ကို ရည်ညွှန်းဈေးအတိုင်း ရောင်းချ​တော့မည်ဖြစ်၍ ဆီ​စျေးကျလာနိုင်ဖွယ်ရှိ

0
417

စားသုံးဆီများ ဈေးအဆမတန်မြင့်တက်နေခြင်းနှင့် ပတ်သက်၍ စားသုံးဆီကဏ္ဍတွင် ပါဝင်သော ဆီလုပ်ငန်းရှင်အားလုံးတွင် တာဝန်ရှိပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် လက်ကားရည်ညွှန်းဈေး အနီးတွင်သာရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

စားအုန်းဆီများ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ယ​နေ့  ညှိနှိုင်းဆွေးနွေးခြင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီ တင်သွင်းသူများအား ဆီတင်သွင်းရာတွင် ကုန်ကျမည့် ကန်ဒေါ်လာ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ ကျပ် ဈေးဖြင့် ရောင်းချပေးထားပြီး ကျန် ၅၀ရာခိုင်နှုန်းကိုလည်း တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချပေးထားသော်လည်း ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးများ လွန်ကဲစွာ မြင့်တက်လျှက်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဈေးနှုန်း အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ညောင်ပင်လေးဈေးနှင့် ရန်ကုန်မြို့ရှိ စားသုံးဆီ အရောင်းဆိုင်အသီးသီးသို့ သတ်မှတ်ထားသည့် လက်ကားရည်ညွှန်းဈေးဖြင့် တိုက်ရိုက်ရောင်းချပေးရန် ဆီအသင်းမှ စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီလက်ကားကုန်သည်များအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့  လက်ကားရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် စားသုံးဆီ အများပိုင်ကုမ္ပဏီက လက်ကျန်ရှိ စားအုန်းဆီတန်ချိန် ၄၇၁ တန် (၂၆၂၂ ပီပါ)၊ ပိဿာအားဖြင့် ၂၈၈၄၃၅ပိဿာကို လက်ကားရည်ညွှန်းဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး Ideal Business Success Co; Ltd ၊ Thein Than Yadana Co; Ltd နှင့် Jewel Arrow Co; Ltd တို့ကလည်း လက်ကျန်တန်ချိန်အားလုံးကို ရည်ညွှန်းဈေးဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာမည့် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ရောင်းချမည့် အစီအစဉ်အနေဖြင့် Ayeyar Hinthar Trading Co; Ltd က (၃) ရက်အတွက် တန်ချိန် ၅၃၄ တန် (၂၉၇၂ပေပါ) ပိဿာအားဖြင့် ၃၂၇၀၁၆ပိဿာကိုလည်း ကောင်း၊ Diamond Dragon Co; Ltd က ၁၉၂ တန် (၁၀ ၆၈ ပီပါ)ပိဿာအားဖြင့် ၁၁၇၅၇၈ ပိဿာ၊Thein Than Yadana Co; Ltd က (၆၆) တန် (၃၆၇ ပီပါ)ပိဿာအား ဖြင့် ၄၀၄၁၇ ပိဿာကိုလည်းကောင်း၊ Jewel Arrow Co; Ltdကတန်ချိန် (၆၃) တန် (၃၅၀ ပီပါ) ပိဿာအားဖြင့် ၃၈၅၈၀ ပိဿာကိုလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အပြင် Myanmar Edible Oil Ind; Public Co; Ltd. ကတန် (၂၄၃) တန် (၁၃၅၂ပီပါ) ပိဿာအားဖြင့် ၁၄၈၈၁၀ ပိဿာ၊ Grand Unity Co; Ltd က တန်ချိန် (၄၉၂) တန် (၂၇၃၉ ပီပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာ၊ First Top Edible Oil Co; Ltd က တန်ချိန် (၄၉၂) တန် (၂၇၃၉ ပီပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ ပိဿာ၊ Aung Thapyay Kha ing Trading Co; Ltd က တန်ချိန် (၅၀.၇)တန် (၂၈၂ ပီပါ) ပိဿာအားဖြင့် ၃၁၀၄၈ ပိဿာ၊ Global Good Pure Group Co; Ltd က (၅၁) တန်(၂၈၃ ပီပါ) ပိဿာအားဖြင့် ၃၁၂၃၁ ပိဿာ ကိုရည်ညွှန်းဈေးအတိုင်း ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။

အလားတူ Wilmar Myanmar Edible Oil Co; Ltd က တန်ချိန် (၃၂၁) တန် ( ၁၇၈၇ ပီပါ) ပိဿာအားဖြင့် ၁၉၆၅၇၇ ပိဿာ၊ Zabu Kan Tun Trading Co; Ltd က တန်ချိန် ၃၅.၇ တန် (၁၉၈ ပီပါ) ပိဿာအားဖြင့် ၂၁၈၆၂ ပိဿာ ၊ Resource Group Trading Co; Ltd က တန်ချိန် ၁၀၅ တန် (၅၈၄ ပီပါ) ပိဿာအားဖြင့် ၆၄၃၀၀ ပိဿာ၊ Ideal Busin ess Success Co; Ltd. က တန်ချိန် ၃၆ တန် (၂၀၀ ပီပါ) ပိဿာအားဖြင့် ၂၂၀၄၆ ပိဿာ၊ Yadanabon Global Network Distribution Co; Ltd က တန်ချိန် ၁၀၂ တန် (၅၆၇ ပီပါ) ပိဿာအားဖြင့် ၆၂၄၆၃ ပိဿာတို့ကို  အသီးသီး ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သို့ဖြစ်၍ ဩဂုတ်လ (၂၈) ရက်မှ (၃၀) ရက်အထိ ဆီတန်ချိန် ၂၇၈၃.၄ တန်နှင့် ညီမျှသည့် ၁,၇၀၄,၅၂၆ ပိဿာကို ရည်ညွှန်းဈေးအတိုင်း ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသည့် ဈေးဆိုင်ကုန်သည်များအနေဖြင့် အထွေထွေကုန်ကျ စရိတ်ပေါ် အသားတင်အမြတ် (၂) ရာခိုင်နှုန်းသာ အမြတ်ယူရောင်းချရမည်ဖြစ်ပြီး အဆင့်ဆင့် ရောင်းချမှုများအတွက် စားသုံးသူလက်ဝယ်ရောက်ရှိချိန်တွင် ၁၀ ရာခိုင်နှုန်းထက်မပိုသော အမြတ်ဖြင့်သာ ရောင်းချရမည် ဟု ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here