မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ငွေများပါ လုယက်ခံရ

0
285

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အသက် (၄၅) နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးထံမှ ငွေများလုယူကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ယနေ့ သြဂုတ် (၂၇) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၈) နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိ အမျိုးသား (၃) ဦးသည် မူဆယ်မြို့စျေးလမ်းကြားရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အသက်(၄၅)နှစ်အရွယ်ရှိ အမျိုးသမီးထံမှ ငွေများအားလုယူ၍ သေနတ်ဖြင့်ပစ်ခတ်ကာမောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးမှာ ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့၍ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

‌ထို့နောက် မူဆယ်ပြည်သူ့ဆေးရုံမှတဆင့် လိုအပ်သည့်ဆေးကုသမှုများ ထပ်မံခံယူနိုင်ရန် ရွှေလီဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here