မြဝတီအမျိုးသမီးအသင်း ချန်ပီယံ ဆုဖလား ရရှိ

0
235

Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်အပြီးတွင်မြဝတီအမျိုးသမီးအသင်း ချန်ပီယံ ဆုဖလား ရရှိသွားကြောင်း သိရသည်။

ချန်ပီယံအဆုံးအဖြတ်ပွဲစဉ်အဖြစ် မြဝတီအသင်းနှင့် ISPE အသင်းတို့ပွဲတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

ထို့ကြောင့် မြဝတီအသင်းသည် ရမှတ် ၂၆ မှတ်ဖြင့် ပထမရရှိခဲ့ပြီး ISPE အသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် ဒုတိယ၊ သစ္စာအားမာန်အသင်းသည် ရမှတ် ၁၉ မှတ်ဖြင့် တတိယရရှိခဲ့ကြသည်။

Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် မြဝတီအသင်းက ချန်ပီယံဆုဖလား သုံးကြိမ်ရရှိထားပြီး ISPE အသင်းက နှစ်ကြိမ် ရရှိထားကြောင်း သိရသည်။

Photo – MWL


LEAVE A REPLY

Please enter your comment!
Please enter your name here