မိုးညှင်းတွင် ၁၂ ဘီး ကားပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်းမှ ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

0
418

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် (၂၅) ရက် မွန်းတည့်ပိုင်းက (၁၂)ဘီးကားပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်းမှ ငွေကျပ် ၁၆၅၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြော င်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ (၂၅) ရက် နေ့လယ် (၁၂) နာရီက မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်မျိုးဦး(၃၁)နှစ်မောင်းကာ ကျော်မင်းထွန်း(ခ) ညိုချော(၂၁)နှစ် လိုက်လာသည့် NISSAN (၁၂) ဘီးကားအား စစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးစဉ် ကားပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ငွေကျပ် ၁၆၅၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူ (၆ ဒသမ ၆ ကီလို)အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ ညနေ ၅ နာရီတွင် ဘိန်းဖြူများအား သယ်ဆောင်ခိုင်းသူ ဇော်ဇော်ထိုက်(ခ) ဇော်ထိုက် (၄၃)နှစ်အား မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊လမ်းသွယ်(၁၃)ရှိ ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here