ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ ပညာရေးပူးပေါင်းဆောင်ရွက်ရန် သွားရောက်

0
295

တရုတ်နိုင်ငံ၊ကွေ့ကျိုးပြည်နယ်၊ကွေ့ရမ်မြို့တွင် သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေနှင့်အဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးအား ဒု-ဝန်ကြီးဒေါက်တာ ဇော်မြင့်၊ပါမောက္ခချုပ်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများက ရန်ကုန်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြား ပညာရေးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မြဲစွာမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here