ထိုင်းဝန်ကြီးချုပ်​ဟောင်းသက်ဆင် ဧည့်​တွေ့ခွင့်ရ

0
363

၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ယ​နေ့သြဂုတ် ၂၈ ရက်၊ တနင်္လာနေ့ နံနက် ၈း၃၀ မှ ညနေ ၃း၃၀ နာရီအထိ မိသားစုဝင်များ၊ ရှေ့နေ သို့မဟုတ် ဆွေမျိုးများလာ​ရောက်​တွေ့ဆုံနိုင်ပြီး ဆယ်ဦးထက် မပိုစေရဟု ခွင့်ပြုလိုက်သည်။

သက်ဆင်ရောက်ရှိပြီးတရားရုံးဆုံးဖြတ်ချက်ဖြင့်​ထောင်​ဆေးရုံတွင်​နေရစဥ်ပင် ညတွင်းချင်း ရဲဆေးရုံရှိ  အဆောက်အဦ တခု၏ ၁၄ လွှာက VVIP အခန်းသို့ ​ပြောင်း​ရွှေ့ထားခြင်းဖြစ်သည်။

ထိုင်းတရားရေးအသင်းဥက္ကဋ္ဌ Narinpong Jinapak က အကျဉ်းသားသက်ဆင်ရှင်အား ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

သက်ဆင်အားလုံခြုံ​ရေးမြှင့်တင်​ပေးထားပြီး ပြစ်ဒဏ်ကျခံရန် ထိုင်းနိုင်ငံသို့ ပြန်လာခြင်းဖြစ်​သော  ၎င်းအား လက်ထိပ်ခတ်ဖို့ မလို​ကြောင်းတရား​ရေးမှ Narinpong က​ဆိုသည်။

Source:Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here