မရိန်းတပ်သား ၂၀ ကျော် တင်ဆောင်လာသည့် အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျသဖြင့် ၃ ဦး သေဆုံးကာ အခြားသူများ ဒဏ်ရာရရှိ

0
359

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေတွင် လေ့ကျင့်မှုတစ်ခုအတွင်း အမေရိကန် မရိန်းတပ်သား ၂၀ ကျော် တင်ဆောင်လာသည့် စစ်ရဟတ်ယာဉ်တစ်စီး တနင်္ဂနွေနေ့ နံနက်ပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ စစ်သည် ၃ ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

MV-22B Osprey အမျိုးအစား ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဩစတြေးလျနိုင်ငံ ဒါဝင်မြို့ ကမ်းလွန်တွင် ပျက်ကျခဲ့သဖြင့် မရိန်းတပ်သား သုံးဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တီမောလက်စ်တီတို့ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

သြစတြေးလျကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါဖြစ်ရပ်ကို Fox News Digital သို့ အတည်ပြုခဲ့ပြီး လေယာဉ်ပျက်ကျမှုတွင် သြစတြေးလျနိုင်ငံသားများ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“လေ့ကျင့်မှု Predator’s Run 2023 တွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ရပ်ကို ကာကွယ်ရေးဌာနက အတည်ပြုသည်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “ကနဦး အစီရင်ခံစာတွေအရတော့ ဒီပျက်ကျမှုမှာ သြစတြေးလျ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ မပါဝင်ဘူးလို့ သိရပါတယ်”ဟုလည်း သြစတြေးလျကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here