အဝေးပြေးခရီးသည်တင်(Express)ကားကလမ်းဖြတ်ကူးသည့် အမျိုးသမီးအားဝင်တိုက်၊အတိုက်ခံရသူအမျိုးသမီးသေဆုံး

0
276

မကွေးတိုင်း၊မကွေးမြို့နယ်ရှိ မကွေး-ကံပြား- နေပြည်တော်သွားကားလမ်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးအား အဝေးပြေးခရီးသည်တင် (Express)ကားက ဝင်တိုက်မိခဲ့မှု သြဂုတ် ၂၈ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း M-RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က မကွေးမြို့နယ်ရှိ မကွေး-ကံပြား-နေပြည်တော်သွားကားလမ်းအတိုင်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်(Express) ကားသည် ကျစ်စုံပွေးကျေးရွာနှင့်ဖိုကုန်းကျေးရွာကြားအရောက် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“လမ်းဖြတ်ကူးတဲ့အချိန် ကားနဲ့တိုက်မိတာပါ၊ တိုက်ခံရတဲ့ အမျိုးသမီးက ထိခိုက်ဒဏ်ရာတွေရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ် သက်ကြီးပိုင်းအရွယ်လောက်ရှိပါပြီ ကားကမောင်းနှင်ထွက်ပြေးသွားတာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား သဗ္ဗသုခ ပရဟိတလူမှုကူညီရေးအသင်းကားဖြင့် မကွေး တိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-M Rescue


LEAVE A REPLY

Please enter your comment!
Please enter your name here