မြန်မာ့ ကော်ဖီအား နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ရမည်

0
204

မြန်မာနိုင်ငံမှ ထွက်ရှိသည့် နိုင်ငံတကာအဆင့်မီကော်ဖီများကို နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် လိုအပ်ချက်များကိုညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက မှာကြားသည်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ သြဂုတ် (၂၇) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့တက်ရောက် အမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့်ကော်ဖီနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် နိုင်ငံတကာအဆင့်မီကော်ဖီကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့်စိုက်ပျိုးထုတ်လုပ်သူများက ညှိနှိုင်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့အပြင် ထောပတ်သီးများကိုလည်း အရည်အသွေးမီစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ပြည်ပသို့တင်ပို့ရာ၌ ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်တက်ရောက်လာကြသူများမှ မြန်မာ့ကော်ဖီစိုက် ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ဈေးကွက်ရရှိရေးနှင့်ဈေးကွက်ဝင်နိုင်ငံ၏ စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်ရေးတို့ကိုဆွေး နွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here