မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော – ဘူးသီးတောင်သွားကားလမ်းတွင် တောင်မြေပြိုကျ

0
353

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သြဂုတ် (၂၇) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော – ဘူးသီးတောင် သွားကားလမ်းတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ မောင်တော – ဘူးသီးတောင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၉/၂ နှင့် ၉/၃ ကြားတွင် တောင်မြေပြိုကျခဲ့ရာ လမ်းပိတ်ဆို့သွားခဲ့ပြီး ကားများနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့် အခြေအနေဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက တောင်မြေပြိုကျနေမှုအား မြေကော်စက်ဖြင့် ရှင်းလင်းခဲ့ကြရာ ညနေပိုင်းတွင် ရှင်းလင်းပြီးစီးခဲ့သဖြင့် ကားများပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ (၂၇) ရက်၌ပင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်ရှိ အ.မ.က (၂)ကျောင်း၏ မြောက်ဘက်ခြမ်းရှိကျောင်းအုတ်တံတိုင်းမှာလည်း အလျား (၆၀) ပေခန့်၊ အနံ (၅) ပေခန့်ပြိုကျသွားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here