မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း ဂျပန်တွင်ခြေစမ်းပွဲများကစားရာ ဂိုးပြတ်နိုင်ပွဲများ ရရှိ

0
286

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပသည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်‌သော မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ခြေစမ်းပွဲများကစားရာ ဂိုးပြတ်နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဂျပန်ကလပ်များနှင့် ယှဉ်ပြိုင်ကစားရာ ပထမပွဲစဉ်တွင် Saitama City North FC ကို ၄ ဂိုး ဂိုးမရှိ၊ Una Primavera Football Club ကို ၆ ဂိုး ၁ ဂိုး၊ Niiza Katayama FC ကို ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှ်ိခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မိမိတို့ထက် ဘောလုံးအဆင့်အတန်းသာလွန်မြင့်မားသည့် ‌ဘာစီလိုနာ၊ ဂျပန်ကလပ်လူငယ်များဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် အတွေ့အကြုံကောင်းများစွာရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် AYA Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်တွင်ပြိုင်ပွဲ၀င်‌ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here