စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမ္မာန်တော်ကြီး​ပေါ်ထွန်းလာ​တော့မည်

0
260

ကောင်းမှုတော် စေတီတော်ကြီး အားပူးပေါင်း ထိန်းသိမ်းကြရာတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ကူညီမည်

စစ်ကိုင်းမြို့ရှိ စူဌာမဏိ ကောင်းမှုတော် စေတီတော်ကြီး ရေရှည်တည်တံ့ရေးနှင့် ဘုရားဖူးပြည်သူများ အဆင်ပြေစွာ ဖူးမျှော်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ဘုရားဂေါပကအဖွဲ့အား မှာကြားခဲ့ကြောင်း သိရသည်။

သြဂုတ် (၂၇) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်မှ စစ်ကိုင်းမြို့ရှိ စူဌာမဏိကောင်းမှုတော်စေတီတော်ကြီးအား သွားရောက်ဖူးမြှော်ကြည်ညို၍ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံစဥ် မှာကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ကောင်းမှုတော် စေတီတော်ကြီးနှင့်စေတီပုထိုးများ ရေရှည်တည်တံ့ရေးနှင့် ဘုရားဖူးများအဆင်ပြေစွာ ဖူးမျှော်နိုင်ရေးအတွက် ပြုပြင်မွမ်းမံထိန်းသိမ်းရန် လိုအပ်သည့်နေရာများအား သြဝါဒစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုကိုခံယူ၍ ကျွမ်းကျင်းပညာရှင်များနှင့် တိုင်ပင်ကာ ကြည်ညိုသပ္ပါယ်ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် စူဌာမဏိကောင်းမှုတော် စေတီတော်ကြီး ဝန်းကျင်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် အနောက်ဘက် စောင်းတန်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်သည် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမ္မာန်တော်ကြီးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here