မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ သန်း ၆၀၀ နီးပါးပိုမိုရရှိထား

0
190

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာမှ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဩဂုတ်လ (၁၈) ရက်အထိ မြန်မာ – တရုတ် နယ်စပ်မှ ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၅၇ ဒသမ ၃၇၅ သန်းရရှိထားခြင်း ဖြစ်သည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင်တွင် ပို့ကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၈၈ ဒသမ ၁၄၅ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၆၆၅ ဒသမ ၄၅ သန်း တင်သွင်းခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့် ရေထွက်ပစ္စည်းတွေကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းကြောင်း သိရသည်။

Photo Credit-Export Import News MOUNG KU


LEAVE A REPLY

Please enter your comment!
Please enter your name here