မြန်မာနိုင်ငံသား ၂၇၂ ဦး မြဝတီ-မဲဆောက် အ မှတ်(၂)ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာ

0
130

ထိုင်းနိုင်ငံတွင်ရောက်ရှိနေရာမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား ၂၇၂ ဦး သြဂုတ် ၂၇ ရက်က မြဝတီ-မဲဆောက် အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့်ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂၀၃ ဦးနှင့်အမျိုးသမီး ၆၉ ဦး(စုစု ပေါင်း ၂၇၂ ဦး)တို့အား မြဝတီမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများကကြိုဆို၍ မြန်မာနိုင်ငံသား ဟုတ်/မဟုတ် အချက်အလက်စစ်ဆေးခြင်း၊လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေးဝန်ထမ်းများမှလည်း ပြန် လည်ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရော ဂါပိုးနှင့်အခြားကူးစက်ရောဂါပိုးများ ရှိ/မရှိ စစ် ဆေးမှုများပြုလုပ်ပေးခဲ့ကြကာ ပဲခူးတိုင်း၊မွန် ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် နေထိုင်သူ များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွား အလာကန့်သတ်စောင့်ကြည့်ရေးစခန် အခြားတိုင်းနှင့်ပြည်နယ်များတွင် နေထိုင်သူများအား မြဝတီမြို့ရှိ ရွှေမြဝတီအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား သြဂုတ် ၁ ရက်မှစတင်ကာ မြဝတီမြို့ရှိ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံ တားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here