စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်ပြီ

0
302

ဆီပိဿာ ၃.၇၆ သန်းကို ယနေ့မှစ၍ ဗုဒ္ဓဟူးနေ့အထိ​ရောင်းမည်

ရန်ကုန်မြို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသုံးဆီလက်လီ၊လက်ကားကုန်သည်များ၊ ဆီဆိုင်အရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိစေရေး အတွက် ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဩဂုတ်လ ၂၈ ရက်နေ့တွင် “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ “ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

စားသုံးဆီများကိုဈေးကွက်အတွင်း ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေရန်နှင့် စားသုံးသူများသက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအဖွဲ့တွင် မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများ၏ တာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း စားသုံးဆီလွယ်လင့်တကူဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူများ ဝယ်ယူရသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းအပြင် Six Winner Brother Co; Ltd ကလုပ်ငန်းအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တင်ပြလာသည့်အတွက် ယင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီပေါင်း ၁၅ ခုမှ ဆီတန်ချိန် ၆၀၈၁.၉၆၁ တန် ၊ ပိဿာအားဖြင့် ၃၇၆၇၃၉၁ ပိဿာကို ယနေ့မှစ၍ ဗုဒ္ဓဟူးနေ့အထိ သုံးရက်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

Ayeyar Hinthar Trading Co; Ltd က ၃ရက်အတွက် တန်ချိန် ၅၃၄တန်(၂၉၇၂ပေပါ) ပိဿာအားဖြင့် ၃၂၇၀၁၆ပိဿာကိုလည်း ကောင်း၊ Diamond Dragon Co; Ltd က ၁၉၂ တန်(၁၀၆၈ပေပါ) ပိဿာအားဖြင့်၁၁၇၅၇၈ပိဿာကိုလည်း ကောင်း၊Thein Than Yadana Co; Ltd က ၆၆တန်(၃၆၇ပေပါ)ပိဿာအားဖြင့် ၄၀၄၁၇ ပိဿာကိုလည်း ကောင်း၊ Jewel Arrow Co; Ltdကတန်ချိန် ၆၃တန်(၃၅၀ပေပါ) ပိဿာအားဖြင့် ၃၈၅၈၀ ပိဿာကိုလည်းကောင်း၊ Myanmar Edible Oil Ind; Public Co; Ltd. ကတန်၂၄၃ တန်(၁၃၅၂ပေပါ) ပိဿာအားဖြင့် ၁၄၈၈၁၀ပိဿာကိုလည်းကောင်း၊ Grand Unity Co; Ltd က တန်ချိန် ၄၉၂တန်(၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ First Top Edible Oil Co; Ltd က တန်ချိန် ၄၉၂တန် (၂၇၃၉ပေပါ) ပိဿာအားဖြင့် ၃၀၁၂၉၅ပိဿာကိုလည်းကောင်း၊ Aung Thapyay Khaing Trading Co; Ltd က တန်ချိန် ၅၀.၇တန် (၂၈၂ပေပါ) ပိဿာအားဖြင့် ၃၁၀၄၈ပိဿာ ကိုလည်းကောင်း၊ Global Good Pure Group Co; Ltd က ၅၁တန်(၂၈၃ပေပါ) ပိဿာအားဖြင့် ၃၁၂၃၁ပိဿာကိုလည်းကောင်း၊ Wilmar Myanmar Edible Oil Co; Ltd ကတန်ချိန်၃၂၁ တန်( ၁၇၈၇ပေပါ) ပိဿာအားဖြင့် ၁၉၆၅၇၇ပိဿာကိုလည်းကောင်း၊ Zabu Kan Tun Trading Co; Ltd က တန်ချိန်၃၅.၇တန် (၁၉၈ပေပါ)၊ပိဿာအားဖြင့် ၂၁၈၆၂ပိဿာ ကို လည်း ကောင်း၊ Resource Group Trading Co; Ltdက တန်ချိန် ၁၀၅တန် (၅၈၄ပေပါ)၊ ပိဿာအားဖြင့် ၆၄၃၀၀ ပိဿာ ကိုလည်းကောင်း၊ Ideal Business Success Co; Ltd. က တန်ချိန် ၃၆တန်(၂၀၀ပေပါ)ပိဿာအားဖြင့် ၂၂၀၄၆ပိဿာကိုလည်းကောင်း၊ Yadanabon Global Network Distribution Co; Ltd ကတန်ချိန် ၁၀၂တန် (၅၆၇ပေပါ)ပိဿာအားဖြင့် ၆၂၄၆၃ပိဿာ၊Six Winner Brother Co; Ltd က တန်ချိန် ၃၃၆၈.၅၆၁ တန် (၁၈၇၅၃ ပေပါ) ပိသာအားဖြင့် ၂,၀၆၂,၈၇၃ ပိဿာကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၈.၈.၂၀၂၃မှ ၃၀.၈.၂၀၂၃ အထိ ၃ရက်စာ တန်ချိန် ၆၀၈၁.၉၆၁ တန်(ပေပါအားဖြင့် ၃၃၂၄၃ ပေပါ) ပိဿာအားဖြင့် ၃,၇၆၇,၃၉၁ ပိဿာကို ယနေ့(တနင်္လာနေ့)မှစတင်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ရောင်းချသည့် ကုန်သည်များဈေးဆိုင်များ အနေဖြင့်လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေစရိတ်နှင့် အသားတင် အမြတ် ၂ရာခိုင်နှုန်းကိုသာပေါင်း၍ရောင်းချရမည်ည်ဖြစ်ကြောင်း၊စားသုံးသူလက်ဝယ်သို့ရောက်ချိန်အထိ အဆင့်ဆင့် ရောင်းချသည့်တိုင်အောင်အသား တင်အမြတ်ငွေ၁၀ရာခိုင်နှုန်းထက်ကျော်လွန်ရောင်းချခြင်း မပြုရန်ဖြစ်ကြောင်း၊ ရောင်းချသည့်အခါတွင် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် ဈေးနှုန်းများကိုရောင်းချပေးရန်ဖြစ်ကြောင်း  သိရသည်။

ထို့ပြင် ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ တစ်သောင်းအထက်တွင်ရှိနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here