မင်္ဂလာဒုံ ခရေပင်လမ်းခွဲအနီးတွင် Dyna ကားလမ်းဘေးသစ်ပင်ဝင်တိုက်

0
193

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းခွဲအနီးတွင် သြဂုတ် ၂၈ ရက်ည ၉ နာရီခန့်က Dyna ကားတစ်စီး လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“ဒညင်းကုန်းစျေးကိုသွားတဲ့ဘက်ခြမ်းမှာဖြစ်သွားတာပါ လမ်းဘေးကသစ်ပင်ကိုဝင်တိုက်မိပြီး ခေါင်းခန်းမှလိုက်လာတဲ့အမျိုးသမီးတစ်ယောက်ညပ်နေလို့ ကူညီပြီးကယ်ထုတ်ပေးခဲ့ပါတယ် မြေပြင်ကုသမှုတွေလည်းလုပ်ပေးခဲ့ပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ခေါင်းခန်းအတွင်းညပ်၍ ထိခိုက်ဒဏ် ရာရရှိခဲ့သည့် အမျိုးသမီးအား မင်္ဂလာဒုံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်သင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပုလဲအရန်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here