မလှိုင်မြို့ရှိမြို့နယ်လျှပ်စစ်ရုံး၌ ပစ်ခတ်မှုဖြစ်ပွား လျှပ်စစ်ဝန်ထမ်းတစ်ဦးဒဏ်ရာရ

0
199

မန္တလေးတိုင်း၊မလှိုင်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် သြဂုတ် ၂၈ ရက်မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က အမည်မသိအမျိုးသားတစ်ဦးသည် မလှိုင်မြို့၊အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးသို့ရောက်ရှိလာကာ မီတာခကောက်ခံနေသည့်နေရာအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“မီတာခကောက်နေတဲ့တဲ့နေရာကို သေနတ်နဲ့ဝင်ပစ်သွားတာ စစ်ဆေးသိရသလောက်ဆိုရင် ပစ္စတိုသေနတ်နဲ့ဝင်ပြီးပစ်သွားတာပါ ဖမ်းဆီးရမိဖို့အတွက် ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

မြို့နယ်လျှပ်စစ်ရုံး၌ ပစ်ခတ်မှုဖြစ်စဥ်တွင် မီတာခကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here