မြောက်ကိုရီးယားရေတပ်သည် နျူကလီးယားဖြင့် ဟန့်တားသည့်တပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဟု ကင်ဂျုံအန်ဆို

0
457

မြောက်ကိုရီးယားနိုင်ငံ၏ ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရေတပ်သည် မိမိတို့အားရန်ပြုလာခြင်းများကို နျူကလီးယားဖြင့် အဟန့်အတားပြုလုပ်မည့် တပ်ဖွဲ့များ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် စီစဉ်နေကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရေတပ်အထိမ်းအမှတ်နေ့အတွက် ရည်ညွှန်းသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ယခုအချိန်မှစ၍ ကိုရီးယားပြည်သူ့တပ်မတော်၏ရေတပ်သည် မဟာဗျူဟာမစ်ရှင်များအတွက်တာဝန်ယူထားသော အမျိုးသား နျူကလီးယား ဟန့်တားရေးတပ်ဖွဲ့၏တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်” ဟု ကင်ကပြောကြားကြောင်း KCNA သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ထို့အပြင် ကင်ဂျုံအန်းကလည်း နျူကလီးယားလက်နက် တပ်ဆင်ရေးဆိုင်ရာ မူဝါဒနှင့်အညီ လက်နက်ကိုင် တပ်ဖွဲ့များ၏ ဌာနခွဲများအားလုံး “လက်နက်သစ်များ” ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မည်သည့်ပစ္စည်းကို ရည်ညွှန်းသည်ဆိုသည်ကိုမူ မဖော်ပြထားပေ။

မြောက်ကိုရီးယားခေါင်းဆောင်က ကိုရီးယားအလုပ်သမားပါတီ၏ ဗဟိုကော်မတီ၏ တစ်ခုတည်းသော ထိန်းချုပ်မှုစနစ်အား အတည်ပြုရမည်ဖြစ်ပြီး၊ သို့မှသာ ကိုရီးယားရေတပ်သည် စစ်ပွဲအတွက် အဆင်သင့်ဖြစ်ကာ အချိန်ကျလာသည့်အခါတွင် ဗဟိုကော်မတီက သတ်မှတ်ထားသော ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်က “ရေတပ်၏ တိုက်ခိုက်ရေးစွမ်းရည်များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု၏ လျှို့ဝှက်ချက်သည် စက်ကိရိယာများ အဆင့်မြှင့်တင်မှု အားကောင်းခြင်းတွင် ရှိသည်” ဆိုခြင်းနှင့် “လက်တွေ့တိုက်ပွဲဝင်မှု အခြေအနေတွင်အသားကျရန်အတွက် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း” တို့ကို အလေးပေး ပြောကြားခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here